အရုဏ်သစ်ပရဟိတရှိ ကလေးများ၏ တိုးတက်မှုများ

Welcome



အရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတွင် နေထိုင်သော မောင်အောင်မြင့်မြတ် သည် ပဉ္စမတန်း တွင် ပညာရည်ချွန်(ဒုတိယ)ဆု ကိုဆွတ်ခူးရရှိခဲ့ပါသည်။ ထို့အပြင် မနှင်းနန္ဒာသည် ဒုတိယတန်းတွင် ပညာရည်ချွန်(ဒုတိယ)ဆုကို ဆွတ်ခူးရရှိခဲ့ပါသည်။


ယခုနှစ်တွင် မနှင်းနန္ဒာသည် တတိယတန်းတွင် ပညာရည်ချွန်(တတိယ)ဆုကို ရရှိခဲ့ပါသည်။


၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (၁)ဦး အောင်မြင်ခဲ့ပါသည်။ မောင်အောင်မြင့်မြတ်
သည် သတ္တမတန်းတွင် ပညာရည်ချွန်(တတိယ)ဆု ကိုထပ်မံ ရရှိခဲ့ပြန်သည်။


မောင်အောင်မြင့်မြတ်သည် အဋ္ဌမတန်းတွင် ပညာရည်ချွန်(ဒုတိယ)ဆုကို ထပ်မံရရှိခဲ့ပြန်သည်။ သတ္တမတန်းကျောင်းသူ မကြင်မာဝင်းသည်လည်း မြို့နယ်အဆင့် ကာတွန်းပြိုင်ပွဲတွင် (ဒုတိယ)ဆု ရရှိခဲ့ပြီး ဆဋ္ဌမတန်းကျောင်းသူ မစုစုလှိုင်သည် မြို့နယ်ပန်းချီပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့ကြပါသည်။ ထို့အပြင် မနှင်းနန္ဒာသည် ပဉ္စမတန်းတွင် ပညာရည်ချွန်(တတိယ)ဆု ရရှိခဲ့ပါသည်။


အရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကလေးများဖြစ်သည့် အမှတ် (၈) အခြေခံပညာ အလယ်
တန်းကျောင်းတွင် ပညာသင်ကြားလျှက်ရှိသည့် အဋ္ဌမတန်း ကျောင်းသား မောင်ရဲမင်း သည် ကျောင်းသား၊
ကျောင်းသူများ၏ ရွေးချယ်မှုဖြင့် အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အဋ္ဌမတန်းကျောင်းသူ မစုစုလှိုင် သည် ဒု-အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ အရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာကျောင်းမှ
ကလေးများ၏ ခေါင်းဆောင်မှု စွမ်းရည်နှင့် ကူညီရိုင်းမှုတို့သည် ထိုကလေးနှစ်ယောက်က သက်သေ ပြနေ
သည်။
၂၀၁၂- ၂၀၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း (၃)ဦး အောင်မြင်ခဲ့သည့် တစ်ဦးမှာ Chemistry ဂုဏ်ထူးရခဲ့သည်။ ထို့နောက် ဒဂုံတက္ကသိုလ်  ဒု-အင်္ဂလိပ်စာတွင် ပညာသင်ကြားလျှက်ရှိသည့် 
မောင်စိုင်းကိုကိုဇော် သည် မန္တလေးမြို့တွင် ကျင်းပခဲ့သည့် "National  Debate Tournament" တွင် "The Best Speaker" ဆုကို ဆွတ်ခူးရရှိခဲ့သည်။ 
Share this article :

Post a Comment

အလည်လာရောက်ကြသော... လူကြီးမိဘများကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....
နောက်တစ်ခေါက်လာရောက်လည်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျာ...
ကျွန်ုပ်တို့ မိဘမဲ့ဂေဟာလေးကို ဆက်သွယ်လှူဒါန်းချင်ရင်တော့
ဖုန်း - ၀၁ ၆၉၁၇၄၇၊ ၀၉ ၄၃၁၁၅၅၄၂၊ ၀၉ ၇၃၁၃၃၃၇၀၊ ၀၉ ၃၁၂၇၅၅၃၁၊ ၀၁ ၆၉၂၀၈၀၊ ၀၁ ၉၆၉၀၄၉၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။