ဒေါ်ဇင်ဇင်သင်း



  • ဒေါ်ဇင်ဇင်သင်း (ပညာရေးတာဝန်ခံ)
  • 2009 ခုနှစ်မှစတင်၍ ပညာရေးတာဝန်ခံ အဖြစ် စတင်ဆောင်ရွက်ခဲ့သည်။
  • ကလေးများ၏ ဘဝတိုးတက်မှုအတွက် ပညာရေး အခန်းကဏ္ဍသည် မရှိမဖြစ် လိုအပ်ပါသည်။
  • အရုဏ်သစ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာရှိ ကလေးများသည် ပညာရေးကို အလေးထား၊ တန်ဖိုးထားပြီး အောင်မြင်မှုအများ ရရှိလျှက်ရှိနေသောကြောင့် အရုဏ်သစ်ပညာရေးတာဝန်ခံအဖြစ် မိမိ၏ လုပ်ဆောင်ချက်၊ ကြိုးပမ်းမှုများအတွက်လည်း ဝမ်းသာပီတိဖြစ်ရပါသည်။ ကလေးများ၏ ကြိုးစားမှုအတွက်လည်း ဂုဏ်ယူမိပါသည်။

ကလေးများကို အသက်အရွယ်အလိုက် သူ့အတန်းနှင့်သူ စာသင်ကျောင်းများတွင် ပညာသင်ပေးရုံသာမက ဂေဟာတွင် ကျောင်းသင်ခန်းစာများကို ပြန်လည်လေ့လာရန်အတွက် သင်ကြားလမ်းညွန်ပေးသော ဆရာ၊ ဆရာမများထားရှိသည်။ ကလေးများ ကြီးပြင်းအရွယ်ရောက်လာလျှင်လည်း ဥာဏ်ရည်မြင့်မားသူကို ဥာဏ်ရည်မြင့်သလို၊ ဥာဏ်ရည်နိမ့်သူကို ဥာဏ်ရည်နိမ့်သလို ကလေးများနှင့် သင့်တော်မည့် အသက်မွေးဝမ်းကျောင်းများအတွက် အနာဂတ်အစိအစဉ်များထားရှိပြီးသားဖြစ်ပါသည်။ ကလေးငယ်များ ငယ်ရွယ်စဉ်ယခုချိန်ကတည်းက ကမ္မာနှင့်ရင်ဘောင်တန်းနိုင်ရန် အင်္ဂလိပ်စကားပြောသင်တန်း၊ ကွန်ပျူတာသင်တန်းနှင့် အင်တာနက်အသုံးပြုနည်းများကိုလည်း သင်ကြားပေးလျှက်ရှိသည်။


ပညာရေး

                     တာဝန်ခံ - ဒေါ်ဇင်ဇင်သင်း  B.Sc (Phys)
                           Diploma in Japanese (YUFL)

ဆရာ/မ          -    (၁၀) ယောက် (စုစုပေါင်း)
မူလတန်း        -     (၃) ယောက်
အလယ်တန်း   -     (၂) ယောက်
အထက်တန်း   -     (၅) ယောက်

လုပ်ဆောင်မှုများ

        အရုဏ်သစ် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင်ရှိသော ကလေး (၃၅)ယောက်ကို တက္ကသိုလ်ဝင်တန်းကျောင်းသားများမှလွဲပြီး တစ်ပတ်လျှင် (၅)ရက် သင်ကြားပေးပါသည်။ စာသင်ချိန် (ကြာချိန်) မှာ ၁ နာရီခွဲခန့်ဖြစ်ပါသည်။ တစ်ပတ်လျှင် (၄) ရက် ကျောင်းသင်ခန်းစာများကို သင်ကြားပေးပြီး သောကြာနေ့တိုင်း Additional English ဖြစ်သော အင်္ဂလိပ်စကားပြောသင်ခန်းစာများကို သင်ကြားပေးလျှက်ရှိပါသည်။
                      ကလေးများသည် ကျောင်းအသီးသီးတွင်ပြုလုပ်သည့် စာမေးပွဲများအပြင် အရုဏ်သစ်   
တွင်လည်း (တစ်လတစ်ကြိမ်) လပတ်စာမေးပွဲကို ဖြေဆိုရပါသည်။
အောင်မြင်မှုများ
                     အရုဏ်သစ် ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်းတွင်ရှိသော ကလေးများသည် ဆရာတော် အရှင်သြဘာသ၏ လမ်းညွှန်မှု၊ ဆရာ/ဆရာမများ၏ စိတ်ရှည်သည်းခံစွာ သင်ကြားပေးမှုများကြောင့် ကလေးများ၏ ပညာရေးသည် တိုးတက်မှုများစွာရှိလာပါသည်။ ကလေးများသည် နှစ်စဉ် စာမေးပွဲအောင်ပါ
သည်။ ထူးချွန်ထက်မြက်သော ကျောင်းသား/သူများသည်လည်း ပေါ်ထွန်းလာပါပြီ။ နှစ်စဉ် ကျောင်းတွင် 
ဆုများရရှိလျက်ရှိသော ကျောင်းသား/သူများ ရှိပါသည်။ ယခုနှစ်တွင် ထူးချွန်စာမေးပွဲများကိုလည်း ဝင်
ရောက်ဖြေဆိုနိုင်ပြီး ဆုတံဆိပ်များရရှိနိုင်မည်ဟု မျှော်မှန်းထားပါသည်။

ဆုပေး၊ ဒဏ်ပေးစနစ်

                  ကလေးများ၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးချွန်သော ကျောင်းသားများ၊ လစဉ်
(1 to 10) ဝင်သော ကျောင်းသား/သူ များကို ဆုချီးမြှင့်ပေးပါသည်။ ကြိုးစားမှုအားနည်းသော ကလေးငယ်
များ နှင့် ပျင်းရိနေသော ကလေးများကို ပြစ်ဒဏ်ပေးပါသည်။ ပြစ်ဒဏ်ဆိုသည်မှာ အမြဲတမ်း ရိုက်နေခြင်း မ
မဟုတ်ပါ။ တခါတရံတွင် ကျောင်းဝေယျဝစ္စလုပ်ငန်းများကို လုပ်ခိုင်းပါသည်။ တခါတရံတွင် ထိုင်၊ထ လုပ်
ခိုင်းခြင်း အစရှိသည် ဖြင့် ကလေးများ၏ အသက်နှင့် ဆီလျော်သော ဒဏ်ပေးမှုများကို ပြုလုပ်ပါသည်။

+ ထင်မြင်ချက် + 2 ထင်မြင်ချက်

August 30, 2013 at 8:21 AM

i want to say thank to all of my benefactors.and also, i love all of my brothers and sister at sunrisehome.i am proud of myself because i am one of the child from sunrisehome and i have a chance to live in sunrisehome.i meet lovely kindness people.

Thank you and we are very happy for that. And we hope you are always happy at Sunrise Home. Please try your best for your future. We love you all.

Post a Comment

အလည်လာရောက်ကြသော... လူကြီးမိဘများကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ....
နောက်တစ်ခေါက်လာရောက်လည်း ဖိတ်ခေါ်အပ်ပါသည် ခင်ဗျာ...
ကျွန်ုပ်တို့ မိဘမဲ့ဂေဟာလေးကို ဆက်သွယ်လှူဒါန်းချင်ရင်တော့
ဖုန်း - ၀၁ ၆၉၁၇၄၇၊ ၀၉ ၄၃၁၁၅၅၄၂၊ ၀၉ ၇၃၁၃၃၃၇၀၊ ၀၉ ၃၁၂၇၅၅၃၁၊ ၀၁ ၆၉၂၀၈၀၊ ၀၁ ၉၆၉၀၄၉၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။